Local News

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့်လယ်ယာစိုက်ပျိုးရေး ထွက်ကုန် များအား တင်ပို့ရာတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် လုပ်ငန်း အဖွဲ့ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ နေ့လယ် ၁နာရီအချိန်တွင် Zoom Meetingစနစ်ဖြင့် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်နှင့်လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအား တင်ပို့ရာတွင်ကုန်သွယ်မှုတိုးတက်ရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် ကျင်းပပြုလုပ်သောလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

              လုပ်ငန်းအဖွဲ့၊ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စားသောက်ကုန်များတင်ပို့နိုင်ရေးအတွက် GACC တွင်၂၅.၂.၂၀၂၂ ရက်နေ့အထိကုမ္ပဏီ (၃၁၉) ခုနှင့် အစောင်ရေစုစုပေါင်း(၇၀၁) စောင် လျှောက်ထားသည်ကိုတွေ့ရှိရကြောင်း၊ "မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့  အစားအသောက်တင်ပို့သည့် လုပ်ငန်းများမှတ်ပုံတင်မည့်ကိစ္စနှင့် ထောက်ခံချက်ပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့"ကို ပိုမိုအားကောင်းပြီး စွမ်းဆောင်ရည်တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  ကုန်သွယ်မှုတွင် Trade surplus ဖြစ်ရန်အတွက် ပို့ကုန်များများတင်ပို့နိုင်အောင်ဆောင်ရွက်နေရကြောင်း၊ နာနတ် သီး၊ ထောပတ်သီး၊ ဝဥ၊ ချဉ်ပေါင်ဖာလာ၊ မက္ကဒေးမီးယားများတင်ပို့နိုင်ရေးအတွက် Protocol အရဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ Competent Authority များအနေဖြင့် တရုတ်နိုင်ငံဘက်မှ Counter Part နှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်လျှင် လုပ်ငန်းပိုမိုလျင်မြန်ချောမွေ့မည်ဖြစ်ပြီး ဘာသာစကားအတားအဆီးကို ကျော်လွှားနိုင်ရန် တရုတ်ဘာသာစကားတတ်ကျွမ်းသူ ညွှန်ကြားရေးမှူးတစ်ဦးအား Focal Person အဖြစ် တာဝန်ပေးအပ်ထားကြောင်း၊ GACC ကိစ္စရပ်များအတွက် တရုတ်နိုင်ငံဘက်မှ စက်ရုံများသို့ စစ်ဆေးရာတွင် တရုတ် - မြန်မာစကားပြန်အနေဖြင့် Technical Term များကိုနားလည်တတ်ကျွမ်းရန် လိုအပ်ကြောင်းပြောကြားပါသည်။

     GACC တွင် မှတ်ပုံတင်ခြင်း (Registration) လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ဆောင်ရွက်စဉ်ကြုံတွေ့ရသော အခက်အခဲများ၊ အားနည်းချက်များ၊ အားသာချက်များကိုလည်း ဆွေးနွေးပြောကြားခြင်းနှင့် Technical ပိုင်းဆိုင်ရာများဆောင်ရွက်ပေးသည့်သူများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ HS Code များမရှင်းလင်းသည်များကိုလည်း အကောက်ခွန်ဦးစီးဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ အကြံဉာဏ်ပေးရန် လိုအပ်ပါကြောင်း၊ စံချိန်စံညွှန်းနှင့်ပတ်သက်၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအနေဖြင့် လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံမှ ပြောင်းများတရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် ပြောင်း Protocol လက်မှတ်ထိုးပြီးဖြစ်၍ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် နိုင်ငံအတွက်အကျိုးကျေးဇူးရရှိနိုင်ပါကြောင်းပြောကြားခဲ့ပါသည်။

     အစည်းအဝေးတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနများမှ Focal Person များ၊ Contact Person များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်မာသံရုံး၊ ပေကျင်းမြို့မှ စီးပွားရေးသံမှူး၊ ဒေါ်ရွှေစင်ဦးနှင့် ဖိတ်ကြား၍ တက်ရောက်ခဲ့ကြသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ အပါအဝင်စုစုပေါင်း(၃၅)ဦးတက်ရောက်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လယ် ၃ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Category: Local News